5, 7, 2012
နှစ်ဦးသား ချစ်တယ်ထင်လို့ ချစ်သူဖြစ်ခဲ့ကြသလို ဘ၀ခရီးလမ်းကို အတူလက်တွဲ
လျှောက်ဖို့  မဖြစ်နိုင်တော့တဲ့အခါ လမ်းခွဲချိန်ဆိုတာ ရှိလာခဲ့ပါတယ်...
နောက်ဆုံးစကားလေးတွေကို အမှတ်တရ အဖြစ် ချရေးပါတယ်....
1 အဲ့ဒါ ဘာဖြစ်လို့ လဲဆိုတော့ ကို စိတ်ကုန်သွားလို့ ဘဲ....
2 ကိုကိုသွားတော့မယ်... ဘိုင့်ဘိုင်
3 ငါဆုံးဖြတ်လိုက်ပြီ .... ငါ မ,ကိုဘဲ ရွေးလိုက်တော့မယ်...
4 နင့်ကို မေ့လိုက်တော့မယ်... ငါ့ဆီ နောက်ဘယ်တော့မှ မလာနဲ့ တော့...
5 နင့်ကိုငါ နောင်ဘ၀ထိ ချစ်နေမှာပါ....
6 နင်နဲ့ ငါနဲ့ က ပြတ်သွားတာ ကြာပြီ မဟုတ်လား... အေး မပြတ်သေးလဲ အခုပြတ်ပြီလို့ မှတ်လိုက်တော့ဟာ...
7 ငါသွားတော့မယ်.. နောက် ဘယ်တော့မှ နင့်ကို မတွေ့ တော့ဘူး...
8 မင်းဘ၀မှာ ငါလို ချစ်တဲ့သူမျိုး ဘယ်တော့မှ တွေ့ မှာ မဟုတ်တော့ဘူး... မင်းမှတ်ထားလိုက်ပါကွာ...
9 သွားမယ်.. ယူ့ ကို နုတ်ဆက်ခဲ့လိုက်ပါပြီ...
10 သွားတော့မယ်... နောင် လမ်းမှာ တွေ့ လို့ ရှိရင်လည်း နုတ်ဆက်ချင်စိတ်ဖြစ်ရင် နုတ်ဆက်လိုက်ပေါ့...
11 ယုံကြည်ခဲ့တာကိုက အသိဥာဏ်မရှိခဲ့လို့ ပါ။ ခွင့်လွှတ်ပါတယ်....
12 Hello.. nice to see you......
မှတ်ချက်
အမှတ်စဉ် (12) က မဖြစ်မနေ နုတ်ခွန်းဆက်လိုက်ရတဲ့ နောက်ဆုံး နုတ်ဆက်စကားမျှသာပါ.....
Tuesday, November 5, 2019
အလှူ
၃၀. ၁၀. ၂၀၁၂
ဒီနေ့ အလှူတွေ လုပ်ဖြစ်တယ်..
(1) ငှက်အစာကျွေးတယ်
(2) ကလေးလေးအတွက် မြေးတူးစက်ကားနဲ့ တစ်ခြားကစားစရာလေးတွေ လက်ဆောင်ပေးလိုက်တယ်..
(3) ကားပြင်သမားကို ဘီယာ အကြီး နှစ်ပုလင်း လက်ဆောင်ပေးလိုက်တယ်။
(4) ခွေးကို ကြက်ကင်တစ်ခြမ်း ကျွေးတယ်။
(5) ညီမလုပ်တဲ့သူကို 15 သိန်း လက်ဆောင်ပေးတယ်။

ပြန်ရပြီ ပျော်တယ်
ဒီနေ့  ပြန်ရေးဖြစ်တယ်... အရင်ဘ၀ ကို ပြန်ရောက်သွား သလို ပါဘဲ.. ပျော်တယ်... နောက်မှ သေချာ ပြန်ရေးတော့မယ် အခု ည ၁၀ နာရီ ၅ မိနစ် ပါ...
ဒုက္ခဆိုတာ....
ဥပမာ ပြန်တင်ကြည့်တာပါ လွန်ခဲ့တဲ့ ၈ နှစ်လောက်က ပို့ စ်
ဒီရက်တွေမှာ စိတ်ရော လူရော မကောင်းဘူး....
အိပ်ရာထဲမှာ ခွေနေတာ များတယ်...
အတွေးတွေ များတယ်...
ဖြစ်နိုင်ရင်.. အတိတ်တွေရော၊ ပစ္စုပ္ပန်တွေရော၊ အနာဂတ်တွေရောကို မေ့ပစ်လိုက်ချင်ပါတယ်..
စေတနာတွေက များသွားလို့ ဘဲ အခုလို စိတ်ဆင်းရဲစရာတွေကို ရတာလား...
စေတနာတွေကြောင့်ဘဲ အခုလို သောကဖြစ်ရတာလား....
စိတ်တွေညစ်၊ စိတ်တွေ ဆင်းရဲ နဲ့ သေမလားတောင် ထင်မိတယ်....
ဘာ့ကြောင့် ဒီလို ဖြစ်ရတာလဲ....
ဒုက္ခဆိုတာ သူများတွေအပေါ်ကို ထားခဲ့တဲ့စေတနာကြောင့် ရခဲ့တာလား....

Saturday, November 17, 2012
ဘ၀အမော
17. 11. 2012
သူမသည် ပျိုးထောင်ထားသော အပင်လေးများကို ကြည့်၍ မ၀ချေ.... ထိုအပင်လေးများကို နေ့ စဉ် ရေလောင်းပေးသည်... ၀ရန်တာတွင်လည်း အပင်လေးများ ရှိသည်.. ဧည့်ခန်းက စားပွဲပေါ်တွင်လည်း တင်ထားသေးသည်... အပင်လေးတွေသည် သူမကို စိတ်ချမ်းသာမှု့ သာပေးသည်.. နှင်းဆီပန်းပင်လေးတွေဆိုရင်လည်း အပွင့်လေးတွေ ပွင့်ပေးသည်... စိတ်ချမ်းသာစရာကောင်းလှသည်... သူမအသက်ကြီးလာလျှင် အပင်လေးတွေနှင့် သာ နေမည်ဟု စိတ်ကူးသည်... စိတ်ကူးတွေကတော့ အများကြီးမှ အများကြီးဖြစ်သည်...
အိမ်တွင် သူနှင့် သူမ နှစ်ယောက်ထဲသာရှိသည်... သူမသည် two is company, three is crowded မူကို ကိုင်စွဲထားသည့် အားလျှော်စွာ နှစ်ယောက်ထဲ နေရတာကို သိပ်စိတ်ချမ်းသာသည်... သူနှင့် သူမသည် 24 နာရီ လုံးလုံး အတူတူရှိကြသည်... စလိုက် နောက်လိုက်နှင့် Tom and Jerry ကဲ့သို့ ဖြစ်သည်... မှတ်မှတ်ယယ သူနှင့် သူမ စပြီး ချစ်ကြိုးသွယ်ခဲ့စဉ်က သူသည် များပြားလှသော အလုပ်ကိစ္စများကြောင့် ခရီးဝေးသို့ အမြဲ သွားရသည်... သို့ သော် 10 ရက်ကြာမည့် ခရီးကို 6 ရက်နှင့် ရအောင်ဖြတ်ပြီး သူမဆီကို အပြေးလာသော သူဖြစ်သည်... အတူနေသည့်အခါတွင်လည်း အငြိမ်သမား ဖြစ်သည့် သူမမှာ သူ့ ခရီးများကို မလိုက်ချင်လည်း လိုက်ရသည်... တစ်နေ့ တော့ သူမ အပြတ်ပြောလိုက်သည်... သူ့ အလုပ်ကို ဖြတ်မည်လား သူမကို ပြတ်မည်လား ဟု မေးပစ်လိုက်သည်... သူက အချိန် 3 လပြီးလျှင် အလုပ်အားလုံးကို နားလိုက်တော့မည်ဟု ဂတိပေးသည်... သူမသည် သိပ်တော့မယုံကြည်.... ဘ၀တွင် ဂတိများကို ပေးခဲ့ပြီး အတတ်မေ့တတ်သည့် ချစ်သူများကို ကြုံတွေ့ ခဲ့ရပြီးသည့်နောက် ဂတိဆိုသည်များကို မကြားချင်ဆုံး ဖြစ်ခဲ့သောကြောင့်ဖြစ်သည်...
သို့ သော် သူသည် သူပေးခဲ့သော ဂတိကို တည်ကြည်သည်မှာ လက်တွေ့ ဖြစ်ခဲ့သည်... တစ်ခုကောင်းသည်မှာ သူ့ တွင် အလုပ်ကြောင့် စိတ်ဖိစီးမှု့ များ မရှိတော့ချေ... အလုပ်လုပ်ခဲ့စဉ်က သူ့ တွင် အင်မတန် စိတ်ဖိစီးမှု့ များခဲ့သည်... သူမလည်း အလုပ်လုပ်ခဲ့ဖူးသောကြောင့် စိတ်ဖိစီးမှု့ သဘောတရားကို သိသည်... ထို့ ကြောင့်သူ့ ကို သနားသည်... ချစ်သောကြောင့် ဖြစ်မည်ထင်သည်.. :) ဘ၀မှာ သေလျှင် ကိုယ့်နောက်ဘာမှ မပါဘူး ဆိုသည့် မူကို ကိုင်စွဲထားသော သူမသည် သူ့ ကို နားချသည်... ငွေသည် တစ်ဘ၀အတွက်သာ အသုံးဝင်သည်.. ကုသိုလ်သည် ဘ၀တိုင်းတွင် အသုံးဝင်သည် ဟု သူ့ ကို တရားဟောသည်... ဒီလို တရားဟောသည့် ဘက်တွင်လည်း သူမက ရသည်... သူမသည် စိတ်ချမ်းသာမှု့ ကိုသာ လိုလားသည်... သူသည် သူမအတွက် သူငယ်ချင်းကောင်း တစ်ယောက်လို ချစ်သူကောင်းတစ်ယောက်လိုနှင့် အိမ်ထောင်ဘက်ကောင်းတစ်ယောက် လိုပါ ဖြစ်သည်... သူရှိလျှင် သူမအတွက် အရာအားလုံး ရှိသည်... သူမကို အမှန်တကယ်ချစ်သော သူလောကကြီးတွင် ရှိသည် ဆိုသည့် ယုံကြည်မှု့ ကို ခံစားရသောကြောင့်ပင် ဖြစ်သည်....
သူသည် သူမကို မျက်နှာတစ်ချက် အငြိုးမခံချေ.... သူ၏ ဆောင်ပုဒ်မှာ သူ့ အမျိုးသမီးသည် စိတ်မဆင်းရဲစေရ ဟု ဖြစ်သည်... သူမ မျက်နှာမကောင်းလျှင် သူသည် သူမကို လိုချင်မည် ထင်သည့်အရာများ ကို မေးတတ်သည်.. ခက်နေသည်က သူ့ ပိုက်ဆံသည် သူမ ပိုက်ဆံဖြစ်သည်... သူမတို့  ပိုက်ဆံသည် သူမ ပိုက်ဆံသာဖြစ်သည်... သူမ ပိုက်ဆံသည်လည်း သူမ ပိုက်ဆံသာ ဖြစ်လေရာ သူမသည် ကပ်စီးနှဲပြီး တစ်ခါတစ်ခါ လိုချင်ပေမဲ့ မ၀ယ်ရက်ဖြစ်ရသည်... အခုလည်း တကယ်တန်းတွင် မလိုအပ်ပေမဲ့ လိုချင်တာတွေ များနေသည်... စိတ်ညစ်သည်... တကယ်တော့ သူသည် လူလည်ကျသူသာ ဖြစ်သည်ဟု မနေ့ ကသူ့ ကို အပြစ်တင်လိုက်သည်... အကယ်၍ သူသည် သူ့ ပိုက်ဆံသည် သူ့ ပိုက်ဆံသာ ဖြစ်သည်ဟု ပြောထားပါက သူမသည် လိုချင်တာ မှန်သမျှ နှစ်ခါ တွေးစရာမလိုဘဲ ၀ယ်နိုင်မည် ဖြစ်သောကြောင့် ဖြစ်ပေသည်... အခုတော့ အခုတော့.... တွေးဆနေရသည်မှာ တစ်ပတ်ခန့် ရှိပြီဖြစ်သည်... မကောင်းသည့်နတ်နှင့် ကောင်းသည့်နတ် သူမခေါင်းပေါ်တွင် သူနိုင်ကိုယ်နိုင် ရရှိရေးအတွက် အသေအကြေ ဖိုက်နေကြသည်မှာ အခုထိ မပြီးသေးပါ.. တစ်နေ့ တစ်နေ့ မောနေရနေသည်များမှာ ထိုကဲ့သို့ ကိစ္စများလည်း အပါအ၀င်ဖြစ်ပေသည်.....

Tuesday, October 30, 2012
ဘ၀အိပ်မက်
၃၀ .၁၀. ၂၀၁၂
သူမသည် အိတ်များကို သဘောကျသည်... မိန်းကလေးတစ်ယောက် ကို ကြည့်လျှင် တစ်ခြားသော အရာများကို စိတ်မ၀င်စားပါ... သူတို့ ကိုင်ထားသော အိတ်များကိုသာ စိတ်ဝင်စားစွာ ကြည့်မိသည်... အိတ်သေးသေးလေး ကအစ သဘောကျလျှင်ဝယ်သည်... အဖိုးမတန်လည်း သူမကြိုက်သည့်အခါ ၀ယ်သည်... တစ်ခါတစ်ခါ ၀ယ်ပြီး မကိုင်ဖြစ်သည့်အခါ မေ့လျော့ခံနေရသော အိတ်များလည်း ရှိသည်။ ပြန်တွေ့ သည့်အခါ အော်.. ဒီအိတ်ကို မေ့နေတယ်ဟု စိတ်ထဲတွင် ဖြစ်မိသည်... သူမသည် အိတ်တွေ ရောင်းသော ဆိုင်လေးတစ်ဆိုင် ဖွင့်ချင်မိသည်... သူမသဘောကျသော အိတ်များကိုသာ ဆိုင်တွင် တင်ထားမည်... တစ်လကြာသည်အထိ မရောင်းရသေးသော အိတ်များကို သူမ အပိုင်စီးမည်... ဘယ်လောက်ပျော်စရာကောင်းလိုက်မည်နည်း... ၀တ်နည်းလည်းလွတ်သည် မဟုတ်ပါလား... ရောင်းလျှင်လည်း အမြတ် 10% နှုန်းဘဲ ယူမည်ဟု ဆုံးဖြတ်ထားသည်.... ထိုအမြတ်ထဲမှ 5% ကို အလုပ်အတူလုပ်သူများကို ဝေမျှပေးပြီး 3% ကို ထပ်လှူကာ 2 % သာ သူမယူမည်ဟု ဆုံးဖြတ်ထားသည်...
လူတိုင်းတွင် စိတ်ကူးအမျိုးမျိုးရှိသည်... စိတ်ကူးသည် သူတို့ ၏ အိပ်မက်ပင်ဖြစ်သည်... တစ်ချို့ က အိပ်မက်သည့် ဘ၀ကို လွယ်ကူစွာရရှိကြသည်..... တစ်ချို့ က ခက်ခဲသည်... တစ်ချို့ က ကြမ်းတမ်းသည်... တစ်ချို့ က ဘ၀နှင့် အိပ်မက် ထပ်တူမကျကြ.... ဘယ်လိုဘဲ ဆိုဆို သူမတွင် အိပ်မက်များစွာရှိခဲ့သည်.... မှတ်မိသလောက် 5 နှစ်လောက်မှ 12 နှစ်လောက်အထိ မွေးစားမိဘ လိုချင်မိသည်... သူမကို ချစ်သော၊ ဂရုစိုက်သော၊ အလိုလိုက်သော၊ သူမဘက်မှ ရပ်တည်ပေးသော မွေးစားမိဘကို နေ့ တိုင်းစိတ်ကူး အိမ်မက်မိသည်.... အရွယ်ရောက်သည့်အခါတွင် သူမကို ချစ်သော မေတ္တာပေးနိုင်သော သူကို စိတ်ကူးယဉ်မိသည်.... ထင်သလောက်တော့ မလွယ်ကူကြောင်းကို သူမ၏ မျက်ရည်များစွာတို့ က သက်သေခံခဲ့သည်... အချစ်ကို သူမ နာကျင်ခဲ့သည်... အချစ်ဆိုသည်ကို မကြားချင်တော့လောက်အောင် ဖြစ်ခဲ့သည်... အချစ်သည် အချိန်ပြုန်းစေသော၊ အဓိပ္ပါယ်မဲ့သော၊ လိမ်ညာခြင်း လှည့်စားခြင်းတို့ ၌သာ အဆုံးသတ် ဖြစ်စေသောအရာဟု ယုံကြည်ခဲ့သည်... တကယ်တော့ သူမသည် ကြည်းကို ရွှေသုတ်လိမ်း ထားသောအရာကို ရွှေဟု ယုံကြည်ခဲ့ရမှ သုတ်လိမ်းထားခဲ့သော ရွှေများ ကွာကျခဲ့သည့်အခါ ရွှေဆိုတာ ဒါမျိုးဘဲဟု ထင်မြင်ခဲ့ပြီး မကြားချင်တော့လောက်အောင် ဖြစ်ခဲ့သည်... တကယ်တော့ သူမသည်လှည့်ဖြားခြင်း ခံခဲ့ရသည်သာဖြစ်ပေသည်...
ယခုတော့ ရွှေဆိုသည်မှာ ဘယ်လိုပင် တိုက်ချွတ်ဆေးကြောစေကာမူ သူ၏ အရောင်အဆင်းနှင့် ဂုဏ်သတ္တိမပျယ်သော၊ အမြဲတန်ဖိုးတက်နေတတ်သော အရာဖြစ်ကြောင်းကို သူမသိရှိလာပြီဖြစ်ပေသည်.... သူမသည် သူမကိုးကွယ်ခဲ့သည့် အချစ်ကို ပို၍ယုံကြည်လာသည်.. မေတ္တာတရား၏ စွမ်းပကားကို ပိုမို နားလည် ခံစားတတ်လာပြီ ဖြစ်ပေသည်.... ဒီအတွက် သူ့ ကို သူမ အလွန်တရာ ကျေးဇူးတင်မိသည်... သူသည် သူမကို အမြဲမြှောက်စားသည်.. အလိုလိုက်သည်... သူမကို မငြူစူ... သူမကို ယုံကြည်မှု့ ရှိသည်... သူသည် သူမအတွက် ထီးလို အရိပ်လို တံတိုင်းလို ဖြစ်ပေသည်... သူသည် သူမအတွက် အမြဲရပ်တည်သည် မှာ စတွေ့ ကတည်းကဖြစ်သည်.... သူမ၏ မျက်ရည်များကို သူ၏မေတ္တာဖြင့် ရပ်တံ့စေခဲ့သည်... ယုံကြည်မှု့ ပျောက်ဆုံးခဲ့သော သူမသည် သူ့ ကြောင့် အားမာန်များ ပြန်လည်ရရှိခဲ့သည်... အချစ်သည် အဆိပ်ဖြစ်သည်ဟု ယူဆခဲ့သော သူမအတွက် အချစ်၊ မေတ္တာတရားနှင့် စေတနာသည်သာ ဘ၀တွင် အမှန်တကယ် အားကိုးရာ ဖြစ်ကြောင်းနှင့် ဆုံးရှုံးခဲ့ပြီဟု ထင်ခဲ့သော အချစ်များကို ပြန်လည် ရရှိနိုင်ကြောင်းကို သူသည် လက်တွေ့ သင်ကြားပေးခဲ့သည်...
သူမ၏ စိတ်ကူးများသည် လက်တွေ့ ဖြစ်လာသည်... သူမအတွက် ဘ၀သည် အင်မတန် နေပျော်လာသည်... ကျေနပ်စရာ အတိဖြစ်လာသည်... စက္ကန့် တိုင်းသည် သူမအတွက် တန်ဖိုးထားစရာ ဖြစ်လာသည်... ဤကမ္ဘာတွင် သူမကို အမှန်တကယ် ချစ်သောသူ ရှိပါသေးလား ဆိုသည့် အသိက သူမအတွက် ဘ၀သည် နေချင်စရာဖြင့် အဓိပ္ပါယ် အပြည့်ဖြစ်လာခဲ့သည်... သူမရှာဖွေခဲ့သော၊ ယုံကြည်ကိုးကွယ်ခဲ့သော အချစ်နှင့် မေတ္တာတရားကို ရရှိခဲ့သည့်နောက် ယခုအချိန်တွင် နောက်ဆုံး ထွက်သက် ဖြစ်မည်ဆိုပါက သူမအတွက် ပြုံးရွှင်စွာဖြင့် နောက်ဆုံးအချိန်ကို ဖြတ်သန်းနိုင်ပြီ ဖြစ်ပေသည်....
မှတ်ချက်
(ရေးတုန်းက အိတ်အကြောင်းကနေ ဘယ်လိုလုပ် အချစ်အကြောင်းရောက်သွားပါလိမ့်နော်.. မတတ်နိုင်တော့ဘူး.. ရေးပြီးနေပြီ... ပြန်ဖျက်ရမှာ နှမြောစရာ... :()

Thursday, August 2, 2012
နှလုံးသားရဲ့ စကား
၂. ၈. ၂၀၁၂
ဒီနေ့ ဆိုရင် နှလုံးခုန်သံ သုံးကြိမ်တိတိ ရပ်သည်ကို သူမ စပြီး သတိထားမိသည်။
ပထမအကြိမ်က နေ့ လည်က သီချင်းနားထောင်ရင်း 1 စက္ကန့် လောက် ရပ်သည်။
ဒုတိယအကြိမ်က အပြင်သွားခိုက် ကားမောင်းရင်း နှလုံးခုန်သံ 2 စက္ကန့် လောက် ရပ်သွားခဲ့သည်။
တတိယအကြိမ်ကတော့ အခုလေးတင် ဖြစ်သည်။ 2 စက္ကန့် လောက် ရပ်သွားပြန်သည်။
လန့် သွားလား ကြောက်သွားလားဟု မေးလျှင် မလန့် မကြောက် ဟု ပင် သူမ အမှန်အတိုင်း ဖြေမိမည်။
ဆရာဝန်နှင့် သွားတွေ့ ချင်လား ဆိုလျှင်လည်း မတွေ့ ချင်ဟုပင်ဖြေမည်။
သူမ မတွေ့ ချင်ဆုံးတွင် ဆရာဝန်က ထိပ်ဆုံးက ပါသည်။
သူ့ အနားတွင် ရှိနေခိုက် ဆိုလျှင် သူမ သေမှာလည်း မကြောက် သလို ဘာဆိုဘာမှ မကြောက်ပါပေ။
လောကကြီးတွင် နေပျော်ခဲ့ပြီဘဲ။ သူမ ကျေနပ်ပါသည်။
သူမ ဘ၀တွင် အချစ်တွေ အများကြီးရခဲ့ဖူးသည်။ လိုချင်တာတွေ အတိုင်းအတာတစ်ခုထိ ပြီးပြည့်စုံခဲ့သည်။ တစ်ခုဘဲ ကြောက်သည်။ သူမသိဘဲ၊ သူ့ အနားမှာ မရှိခိုက်တော့ ဘယ်လိုနည်းနှင့်မျှ သူမ မသေချင်သေးပါ..
သေချာသိသည်က သူမ အိမ်အပြန်လာကို သူမျှော်နေပေလိမ့်မည်။
ထိုအခါတွင် သူမ၏ နှလုံးသား ၀ိဥာဉ် သည် သူ မမြင်တွေ့ သော်ငြား သူ့ အနားတွင်သာ ၀ဲပျံနေပါလိမ့်မည်။
ညစဉ်ညတိုင်း အလေ့အကျင့် ရှိသည့်အတိုင်း သူ အိပ်ရာမ၀င်ခင် ဘုရားရှစ်ခိုးပြီး အမျှဝေပါလိမ့်မည်။
သူမ ကြားသိနိုင်လျှင်ဖြင့် သာဓုခေါ်ဆိုနိုင်ပြီး ရောက်ရာဘ၀မှ ကျွတ်လွတ်နိုင်ကာ နောင်ဘ၀တစ်ခုတွင် ကြိုပြီး သူ့ ကို စောင့်နေပါလိမ့်မည်။
ဘ၀တိုင်း ဘ၀တိုင်းမှာလည်း ပျော်ရွှင်စွာဖြင့် သူနဲ့ သာ ပြန်လည် ဆုံဆည်းခွင့်ရချင်ပါသည်။
ဤသည်မှာ သူမ ၏ တစ်ခုတည်းသော ဆန္ဒမှန် နှလုံးသားမှန်သာ ဖြစ်ပါတော့သည်။

Wednesday, October 26, 2011
Tuesday, October 25, 2011
Wednesday, October 12, 2011
Subscribe to:
Posts (Atom)